Image by Cool Text: Free Graphics Generator - Edit Image
ကဗျာလေးတွေ
ပျင်းလိုက်တာ
Wednesday, January 30, 2013
Wednesday, September 26, 2012
Tuesday, July 31, 2012
နှင်းယမုံ နင့်ကိုစတာနော်
ငါ့ပြန်ဖျက်ပေးပါ့မယ် နင်ဖျက်ဖို့ပြောရင် စိတ်မဆိုးပါနဲ့ ခင်လို့စတာပါ နော
နင်စိတ်မဆိုးတတ်ဘူးဆိုတာသိလို့စတာပါ နင့်အတွက် ငါဒီဘလော့ တွေကိုလုပ်ထားတာ
နင့်ကို ငါကိုယ်တိုင်သင်ပေးချင်ပါတယ် နင်အဆင်မပြေရင် ပြောလေ ငါကူညီပါ့မယ်
အခုတော့စမ်းကြည့်လိုက်ဦး
နင့်ကိုသင်မပေးချင်ဘူးဟာ ကြောက်တယ် ငါအရိုက်ခံရမှာ
နင့်ကိုကြိုက်တဲ့ကောင်လေးတွေကများတော့ ငါ့ကိုနင်နဲ့ အထင်လွဲပြီး မကျေနပ်တာနဲ့ ငါက အရိုက်ခံရမှာကြောက်တာ ဟီးးးးးးးးးးးးးးးးးးးးးးးးးးးးးးး
နင်အဆင်မပြေဘူးဆိုရင် တကယ်သိချင်တတ်ချင်တယ်ဆိုရင် ငါအရဲစွန့်ပြီးကူညီရမှာပေါ့
အိုကေနော်
နင်စိတ်မဆိုးတတ်ဘူးဆိုတာသိလို့စတာပါ နင့်အတွက် ငါဒီဘလော့ တွေကိုလုပ်ထားတာ
နင့်ကို ငါကိုယ်တိုင်သင်ပေးချင်ပါတယ် နင်အဆင်မပြေရင် ပြောလေ ငါကူညီပါ့မယ်
အခုတော့စမ်းကြည့်လိုက်ဦး
နင့်ကိုသင်မပေးချင်ဘူးဟာ ကြောက်တယ် ငါအရိုက်ခံရမှာ
နင့်ကိုကြိုက်တဲ့ကောင်လေးတွေကများတော့ ငါ့ကိုနင်နဲ့ အထင်လွဲပြီး မကျေနပ်တာနဲ့ ငါက အရိုက်ခံရမှာကြောက်တာ ဟီးးးးးးးးးးးးးးးးးးးးးးးးးးးးးးး
နင်အဆင်မပြေဘူးဆိုရင် တကယ်သိချင်တတ်ချင်တယ်ဆိုရင် ငါအရဲစွန့်ပြီးကူညီရမှာပေါ့
အိုကေနော်
မိမိဘလော့တွင် Meta tag ထည့်သွင်းခြင်း
အခု ရေးတဲ့ အကြောင်း ကတော့ ကိုယ့် ရဲ့ Blog မှာ Meta tag တပ်ဆင်ခြင်းပါ .... ဘာကြောင့် Meta tag ကို တပ်ဆင်ကြလဲ ဆိုတော့..... ကျွန်တော်တို့ အကြောင်းအချက် တစ်ခုကို အင်တာနက်မှာ ရှာတဲ့အခါ search engine တွေ သုံးရပါတယ် ... Google , Yahoo , Ask စသဖြင့်ပေါ့ .. ကိုယ့် အနေနဲ့ ကိုယ့်ရဲ့ site ကို search engine တွေနဲ့ ရှာတဲ့အခါမှာ Traffic တွေ များများ ရနိုင်အောင် Meta tag တွေနဲ့ ကြေငြာပေးရပါတယ် ... Meta tag ထည့်သွင်းခြင်းက SEO (Search Engine Optimisation) တွေအတွက်လည်း အရေးကြီးပါတယ် ... Meta tag က Search engine တွေ နဲ့ ချိတ်ဆက်ပြီးတော့ မိမိရဲ့ဆိုဒ် ရဲ့အကြောင်းတွေ အထဲမှာ ရေးထားတဲ့ အကြောင်းတွေ နဲ့ လည်း ချိတ်ဆက်ပေးပါတယ် ...
ကျွန်တော်တို့ Meta tag ဘယ်လို တပ်ဆင်မလဲ ... သိပ်တော့မခက်ပါဘူး...
၁ ။ မိမိရဲ့ Blog ကို ၀င်လိုက်ပါ .. ပြီးရင်တော့ Design => Edit html ဆိုပြီးတော့ သွားလိုက်ပါ ...
ရောက်ပြီဆိုရင် အောက်က ပုံလေး ကိုကြည့်ကြည့်ပါ .. အဲဒီ့မှာ Meta tag ထည့်ရမယ့် နေရာကလေးကို ပြထားပါတယ် ... Code ကိုရှာပြီးတော့ ထည့်မယ်ဆိုရင်တော့ အောက်က ကုဒ် ကလေးရဲ့အောက်မှာ Meta tag ကို ထည့်မှာ ဖြစ်ပါတယ် ..
<b:include data='blog' name='all-head-content'/>
အဲဒီ့နေရာကလေးမှာ အောက်က ကုဒ်ကလေးကို ယူပြီးတော့ ထည့်ပါမယ် ..
<meta content='DESCRIPTION HERE' name='description'/>
<meta content='KEYWORDS HERE' name='keywords'/>
<meta content='AUTHOR NAME HERE' name='author'/>
DESCRIPTION HERE = မှာတော့ ကိုယ့် Blog ရဲ့ ခေါင်းစဉ်ကလေးကို ထည့်ပါမယ် ..
KEYWORDS HERE = ဆိုတာမှာတော့ မိမိ က ဘာရေးတာလဲ ကဗျာလား .. နည်းပညာလား ပေါ့.. နည်းပညာ ဆိုရင် နည်းပညာ ဆိုပြီးတော့ ထည့်လိုက်ပါ့မယ် ..
AUTHOR NAME HERE = ဆိုတာမှာတော့ ကိုယ့်ရဲ့ နာမည်ကို ထည့်ပါမယ် ....
အဲဒီ့မယ် ထည့်တဲ့ အခါမှာ Description နဲ့ Keyword ကို မှားပြီး မထည့်စေချင်ပါဘူးခင်ဗျာ ... အဲဒီ့လို ထည့်တဲ့အခါမှာ search engine တွေက မိမိရဲ့ site ကို Ban သွားနိုင်ပါတယ် ... လုပ်ရတာလည်း သိပ်မခက်ပါဘူးခင်ဗျာ .. အဆင်ပြေ မယ်လို့ မျှော်လင့်ပါတယ် ...
အားလုံး အဆင်ပြေပျော်ရွှင်ပါစေလို့ ဆုတောင်းလျက် ...
Never underestimate the power of forgiveness.
ခွင့်လွှတ်ခြင်း၏စွမ်းအားကို ဘယ်တော့မှ အထင်မသေးပါနှင့်။
ခွင့်လွှတ်ခြင်း၏စွမ်းအားကို ဘယ်တော့မှ အထင်မသေးပါနှင့်။
facebook fan page ကိုဘလော့မှာထည့်သွင်းရန်
http://www.facebook.com/pages/create.php
အဲဒီ့ကိုရောက်ရင် ကိုယ်လုပ်မဲ့ ပုံစံ ကို အရင်ဆုံး ရွေးပါ့မယ် .. ရွေး ပြီး တော့ နောက်ထပ် ဆက်ပြီးတော့ လုပ်တာလေးတွေ ကိုတော့ ကျွန်တော် အသေးစိတ်မပြောတော့ပါဘူး .. အဲဒါ က သိပ်ပြီးတော့ အခက်အခဲ ကြီး မဟုတ်လို့ပါ ...
ပြီးရင် ဘာဆက်လုပ်မလဲ ...
ကျွန်တော်တို့ အဲဒီ့ Fan Page Gadget ကိုထည့်ဖို့ အတွက် မိမိရဲ့ Fan Page ကို သွားပါ့မယ် ..
အဲဒီ့မှာ Get Started ဆိုတာလေး ရှိပါ့မယ် ... အဲဒါ ကလေးကို နှိပ်လိုက်ပါ ...

နှိပ်လိုက်ပြီးပြီ ဆိုရင် အဲ့ဒီ့မှာ ပုံမှာ ပြထားသလိုလေး Like Box ဆိုတာလေးကို နှိပ်လိုက်ရင် နောက်ထပ် စာမျက်နှာတစ်ခု ကိုရောက်သွားမှာ ဖြစ်ပါတယ် ... ရောက်သွားပြီဆိုရင်တော့ Facebook Page URL ဆိုတဲ့ နေရာလေးမှာ ကိုယ့်ရဲ့ Fan Page ရဲ့ URL ကလေး ကို ထည့်ရမှာဖြစ်ပါတယ် .... အောက်ကပုံက ကျွန်တော့်ရဲ့ FB Fan Page ရဲ့ Url ပါ .. အဲဒီ့လို URL ကလေးကို ကူးပြီးရင် တော့ ....

ဒီအောက်က ပုံလေးထဲ မှာ လို Facebook Page URL မှာ စောစောက ကိုယ့်ရဲ့ FB Page URL ကို ထည့်ပေးလိုက်ရင် ဘေးဘက်မှာပေါ်လာပါ့မယ် ... အဲဒါကလေးကို မှ Get COde ဆိုပြီးတော့ ယူလိုက်ပါ ..

.ပြီးရင်တော့ အဲဒီ့ Code ကလေးကို ကိုယ့်ဘလောဂ့် ရဲ့
Design ==> Add Gadget => html/javascript
ဆိုပြီးတစ်ခုထည့် Paste ပေးလိုက်ရင် အားလုံး အဆင်ပြေသွားပါလိမ့်မယ် ....
အစစအရာရာ အဆင်ပြေ ပျော်ရွှင်ပါစေလို့ ဆုတောင်းလျက် ...
Blog address name ကလေးကိုသွားနေအောင် ..
blog address name လေးကိုသွားနေချင်ရင်
Firefox tab က Blog address name ကလေး
ကို ပြေးနေအောင်လုပ်တာပါ .. ကျွန်တော်လည်း အဲလို လေးတွေ သူများတွေ
လုပ်ထားလို့ လိုက်ရှာ နေတာ .. ကံကောင်းချင်တော့ တွေ့တော့တွေ့တယ် ဒါပေမယ့်
ကံမကောင်းချင်တော့ မြန်မာလို က မရဘူးဟီး .. မလုပ်တတ်သေးလို့ .. ရခဲ့ရင်တော့
လက်တို့လိုက်ပါမယ်နော် .. :D အဲလိုမျိုးလေးတွေ သွားနေအောင်
လုပ်ချင်တဲ့လူတွေ များရှိခဲ့ရင်ပေါ့ .. ဒါကလေးကို တင်ပေးလိုက်ပါတယ် ..
လုပ်ချင်တယ်ဆိုရင်တော့ Layout =>edit html မှာ </head> ဆိုတာကလေးကိုရှာလိုက်ပါ .. ရှာပြီးသွားရင်ဆိုရင်တော့ အဲဒီ့ ရဲ့ အပေါ်လေးမှာ အောက်က Code ကလေးကို ထည့်လိုက်ပါခင်ဗျာ ..
<script language='javascript' type='text/javascript'>
msg="Your text here";
msg = " ..*.*.. " + msg;pos = 1;
function scrollMSG() {
document.title = msg.substring(pos, msg.length) + msg.substring(0, pos);
pos++;
if (pos > msg.length) pos = 0
window.setTimeout("scrollMSG()",200);
}
scrollMSG();
</script>
Your text here ဆိုတဲ့နေရာကလေးမှာ ကိုယ်ရေးချင်တာကလေးကိုရေးထည့်လိုက်ပါခင်ဗျာ ( ..*.*..) ဆိုတာကလေးကတော့ ကိုယ် စောစောကရေးခဲ့တဲ့စာလုံးကလေးကို တစ်လုံးနဲ့ တစ်လုံးကြားမှာ ခြားတာကလေးပါ ..ကိုယ်ကြိုက်သလိုကလေးထည့်ပေးလို့ရပါတယ်ခင်ဗျာ .. ထည့်ပြီးရင်တော့ preview ကြည့်ကြည့်လိုက်ပါဦး .. ကြိုက်ပြီဆိုရင်တော့ Save လိုက်ပါ ခင်ဗျာ ..ရပါပြီ အဲလာဆိုရင်တော့ စာလုံးကလေးတွေသွားနေပါပြီ .. အဆင်ပြေပါစေခင်ဗျာ .. :) :)
Blog မှာပုံလေးတွေ ယှဉ် ပြချင်ရင်
ကိုယ့် Blog ပေါ်မှာ ပုံကလေးတွေ ကို ယှဉ်ပြီးတော့ ပြချင်တယ်ဆိုရင်ပေါ့နော် .. အရင် တုန်း က ကိုယ့်ပုံ နဲ့ အခု ကိုယ့် ပုံနဲ့ ဘယ်ပုံက ပိုချောလာတယ်ပေါ့ .. ဟီး ..ပုံနှစ်ပုံက ဘယ်နှစ်ပုံက မတူဘူးလဲ ဆိုတာလေးတွေကို ချင်ရင်တော့ table ကလေးနဲ့ ဖော်ပြလို့ရပါတယ် .. ကျွန်တော်လည်း နမူနာပုံကလေးတွေ ပြထားပါတယ် .. ပုံကလေးတွေ ကို ယှဉ်ပြီးပြကြတာပေါ့ ..အဲလိုလေးတွေ ပြမယ်ဆိုရင်တော့ အောက်မှာ ကျွန်တော် Html ကလေးကို ပြထားပါတယ်.. အဲဒီ့ ပုံစံကလေးနဲ့ ဖော်ပြလို့ရပါတယ် ဗျာ ..
<table width="100%" border="2" >
<tr>
<td align="center"><img src="your pic Url" /></td>
<td align="center"><img src="Your pic Url" /></td>
နောက်တစ်ပုံထည့်ချင်ရင် ဒီနေရာကလေးမှာ ထည့်လိုက်ပါ ..
</tr>
</table>
Your pic url မှာတော့ ကိုယ့်ထည့် မယ့်ပုံရဲ့ Url ကလေးကိုထည့်ပေးလိုက်ပါ ရပါတယ် .. ၃ ပုံထည့်ချင်တယ် ဆိုရင်တော့ ဒီအောက်က စာကြောင်းကလေးကိုအနီနဲ့ပြထားတဲ့ နေရာကလေးမှာ နောက်တစ်ကြောင်း ကူးထည့်ပေးလိုက်ပေါ့ ..အဆင်ပြေပါစေခင်ဗျာ ..
<td align="center"><img src="your pic Url " /></td>
အောက်မှာတော့ ပုံနှစ်ပုံကိုယှဉ်ပြီးတော့ ထည့်ထားတဲ့ပုံကလေးပါ .. ပုံနှစ်ပုံ နှိုင်းယှဉ်ပြီးတော့ ဘယ်လောက်ချောလာတယ်ဆိုတာကြွားနိုင်ပါစေဗျာ .. အဲ..ဟုတ်ပါဘူး .. ယှဉ်ပြီးတော့ ပြနိုင်ပါစေဗျာ ..ကျွန်တော်ပြထားတဲ့ ပုံကလို ဘေးက ဘောင်ကလေးတွေ မပေါ်စေချင်ဘူးဆိုရင်တော့ Border ကို 0 ( zero ) ကလေးထားလိုက်ပါခင်ဗျာ ..
Subscribe to:
Comments (Atom)
