Tuesday, July 31, 2012

Mail ကနေပြီးတော့ ပိုစ့် တင်ကြည့်ရအောင်

Mail ကနေပြီးတော့ ပိုစ့် တင်ကြည့်ရအောင် ... ဒီနည်း ကလေးကတော့ လွယ်လည်း လွယ်ပါတယ် ... blog တစ်ခုကို တည်ပြီးတော့ နောက်ထပ် blog ရေး ဖို့ အတွက် blogger ကို ပိတ်ထားတယ် ဆိုရင် တော်တော် အသုံးဝင်ပါတယ် ... ဒါမှ မဟုတ် ကိုယ် က ပိုစ့် တစ်ခုကို တင်ချင်တယ် ဒါပေမယ့် blogger မှာဝင်ပြီးတော့ တကူး မက မတင်ချင်တော့ဘူး .. တစ်ခါထဲ ကိုယ့် ရဲ့ မေးလ် ထဲကနေပြီးတော့ တင်လိုက်မယ် ဆိုရင်လည်း အဆင်ပြေသွားပါတယ် ... လုပ်ရမယ့် အချက်တွေ ကလည်း မများပါဘူး .... ကဲ စလုပ်ကြည့်လိုက်ရအောင် .... ၁ ။ blogger ကို ၀င်လိုက်ပါ ။ ၂ ။ ၀င်ပြီးပြီဆိုရင် settings ဆိုတာကလေးကို နှိပ်လိုက်ပါ ... ၃ ။ နှိပ်ပြီသွားပြီဆိုရင်တော့ settings ထဲက tabs ကလေးတွေ ထဲမှာ Emails&mobile ဆိုတာကလေးကို နှိပ်လိုက်ပါ .... ၄ ။ နှိပ်ပြီးသွားပြီဆိုရင်တော့ Posting Options ဆိုတာရဲ့ အောက်က Email Posting Address ဆိုတာကလေးမှာ ဘေးမှာ အကွက်ကလေး တွေ့ရမှာပါ .. ၅ ။ အဲဒီ့ အကွက်ကလေးထဲမှာ secret word ကို ရိုက်ရပါ့မယ် ... အနည်းဆုံး ၄ လုံးထည့်ရပါ့မယ် ... အဲဒီ့ ဂဏန်း ကလေးကို မှတ်ထားပါ ... ကိုယ် ဖြည့်လိုက်ပြီဆိုရင်တော့ .. ( ဥပမာ mglhulin.3424@blogger.com ) ဆိုပြီးတော့ ဖြစ်သွားပါ့မယ် ... ၆ ။ အောက်က သုံးခုမှာတော့ Publish emails immediately ဆိုတာကလေးကို ရွေး ထားလိုက် ပါ . ပြီးရင်တော့ save ထားလိုက်ပါ . အခု ကျွန်တော် တို့ တော်တော်များများ သုံးနေကျ ဖြစ်တဲ့ ဂျီမေးလ် ကနေပြီးတော့ ပိုစ့် တင်ကြည့်ရအောင်ပါ..... ဂျီမေးလ် မှာ မေးလ် ပို့ဖို့ အတွက် လုပ်လိုက်ပါ... ပြီးရင် ပို့မဲ့ လိပ်စာမှာ စောစော က ဖြည့်ခဲ့ တဲ့ address ကလေးကို ထည့်လိုက်ပါ ... ( mglhulin.3424@blogger.com ) ဆိုတာလေးမျိုးပါ ... ထည့်ပြီးသွားရင် ပိုစ့် ခေါင်းစဉ်အတွက် ကတော့ subject မှာ ရေးလိုက်ပါ ... ပြီးရင် စာကိုယ် ကတော့ body ထဲမှာ ရေးလိုက်ပါ .. ပြီးရင် send ပေးလိုက် တော့ ... အိုကေမှာ စိုပြေပဲ ... ကိုယ် တင်လိုက်တဲ့ ပိုစ့် ကလေး ကိုယ့် blog ထဲကို ရောက်သွားပါပြီ .... အဆင်မပြေ တာကလေးတွေ ရှိခဲ့  ရင်လည်း မန့် ခဲ့ ပါဦးခင်ဗျာ .......ကျေးဇူးတင်ပါတယ် ....

No comments:

Post a Comment